Share from Dr.Tun Naing'Post
Harmonics ဆိုသည်မှာ distribution
side အတွင်း non-linear load တွေ အသုံးပြုမှုကြောင့် Fundamental frequency (50 Hz
in Myanmar) ရဲ့ ကိန်းပြည့် မဂဏန်း အဆကိန်းများ (၃၊ ၅၊ ၇၊ ၉ …) အတိုင်းရှိတဲ့
frequency များ (ဥပမာ- 150, 300, 350 Hz) ရှိတဲ့ current နဲ့ voltage တွေ
ဖြစ်ပေါ်မှုကို ခေါ်ပါတယ်။
Non-linear load တွေ ဆိုတာက
Electronic ballast, Computers, Telephone systems, printers, copiers, UPS,
Adjustable-speed drive, arc furnace, ac/dc converter, welder စတာတွေ ဖြစ်ပါတယ်။
Odd-multiples of 3rd harmonics များ
(ဥပမာ- 3rd, 9th, 15th, 21st, စသည်တို့) ကို Triplen Harmonics လို့ခေါ်ပါတယ်။
၎င်းတို့ဟာ Zero sequence harmonics များ ဖြစ်ပါတယ်။
Harmonic တခုချင်းအလိုက်ရဲ့ Sequence
များကို အောက်ပါ ဇယားမှာ ပို၍ မြင်သာ လေ့လာနိုင်ပါတယ်-
3 Phase အတွင်း စီးနေမယ့် ထို
harmonics current များရဲ့ magnitude တွေပေါင်းလို့ရတဲ့ ပမာဏအတိုင်း neutral မှာ
စီးနေမှာ ဖြစ်ပါတယ်။ ဖြစ်ပေါ်လာတဲ့ စုစုပေါင်း ပမာဏဟာ များနေနိုင်တာကြောင့် neutral
ကြိုး အရွယ်အစားသာ သေးနေမယ်ဆိုရင် အပူဖြစ်ပေါ်မှု များလာပြီး မီးလောင်မှု
ဖြစ်လာနိုင်ပါတယ်။
ထရန်စဖော်မာအတွင်းမှာ ထို harmonics
current များကြောင့် အပူချိန်မြင့်တက်မှု ဖြစ်ပေါ်လာနိုင်ပါတယ်။ မြင့်မားတဲ့ Hum
အသံတွေ ထွက်ပေါ်နိုင်ပါတယ်။
Electronic ballast, Computers တွေဟာ
Triplen Harmonics အများဆုံး ဖြစ်စေနိုင်တဲ့ ပစ္စည်းများ ဖြစ်ပါတယ်။
5th နဲ့ 11th Harmonics တွေက negative
sequence တွေ ဖြစ်ပါတယ်။ စက်မှုလုပ်ငန်းတွေအတွက် ပြဿနာဖြစ်စေပါတယ်။ Three phase
motor တွေမှာ negative torque ဖြစ်ပေါ်ပြီး၊ Reverse ပြန်ရုန်း
စေနိုင်ပါတယ်။ ဒီအခါ motor က (negative torque ကို ချေဖျက်တဲ့အပြင်) ပုံမှန် direction
အတိုင်း လည်နိုင်အောင် Positive sequence current ပိုစီးစေလာရပါတယ်။ motor
ပိုပူပြီး Over-current သို့မဟုတ် Overheating နဲ့ Trip ခနခန ဖြစ်တာ
ကြုံရပါမယ်။
Distribution system အတွင်းမှာ
Harmonics တွေဖြစ်ပေါ်နေမှုကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေက -
-
overheating of transformers
-
transformer humming
-
overheating of motors and generators
-
increases hysteresis losses decreased kVA rating
-
neutral overloading
-
unacceptable neutral-to-ground voltages
-
distorted voltage and current waveforms
-
failed capacitor banks
-
breakers and fuse tripping
-
interference on phone and communication systems
-
unreliable operation of electronic equipment that utilize the voltage waveform
for synchronization or timing
-
weaken insulation in cables, windings
-
erroneous register of electric meters
-
wasted electric bills
-
Poor power factor
-
Failure or malfunction of computers, motor drives, and other sensitive loads
Fundamental frequency နဲ့
ပုံမှန်ရှိနေရမယ့် Sine wave form မှာ Harmonics တွေ ပါဝင်လာရင်
ပေါင်းစပ်လိုက်တဲ့အခါ wave form က ပုံစံယိုယွင်းလာပြီး Distorted wave form အဖြစ်
ပြောင်းလဲဖြစ်ပေါ်လာမှာကို အောက်ပါပုံများနဲ့ လေ့လာနိုင်ပါတယ်-
Fundamental Sine wave မှာ 3rd
Harmonic wave ပါဝင်လာတဲ့အတွက် Distorted Wave (Complex wave) အဖြစ်
ပြောင်းလဲသွားတဲ့ပုံ ဖြစ်ပါတယ်။
Fundamental Sine wave မှာ 5th
Harmonic wave ပါဝင်လာတဲ့အတွက် Distorted Wave (Complex wave) အဖြစ်
ပြောင်းလဲသွားတဲ့ပုံ ဖြစ်ပါတယ်။
Fundamental Sine wave မှာ 3rd, 5th,
7th Harmonic waves တွေ အစုံ ပါဝင်လာတဲ့အတွက် Distorted Wave (Complex wave) အဖြစ်
ပြောင်းလဲသွားတဲ့ ပုံ ဖြစ်ပါတယ်။
wave form အတွင်း ပါဝင်နေတဲ့ Harmonic
% ကို Total Harmonic Distortion (THD) လို့ ခေါ်ပါတယ်။ Voltage wave form နဲ့
ပတ်သက်ရင် Total Harmonic Voltage Distortion (THVD) လို့ခေါ်ပြီး၊ Current wave
form နဲ့ ပတ်သက်ရင် Total Harmonic Current Distortion (THID) လို့ခေါ်ပါတယ်။
နမူနာတွက်ပုံက အောက်ပါအတိုင်း ဖြစ်ပါတယ်။
THID = (I (harmonic) / I (Fundamental) ) x 100
Distribution Network အတွင်း အသုံးပြုနေတဲ့
လျှပ်စစ်ပစ္စည်းအချို့ကြောင့် Harmonic Current တွေစီးလာပြီး၊ Harmonic Voltage
ဖြစ်ပေါ်ကာ တူညီတဲ့ ထရန်စဖော်မာတလုံးထဲက ဓာတ်အားသုံးနေသူအားလုံး ဒီဆိုးကျိုးကို
ခံစားရမှာ ဖြစ်ပါတယ်။
ဓာတ်အားသုံးစွဲသူများရဲ့
သုံးစွဲမှုပုံစံကြောင့် Harmonic ဖြစ်ပေါ်လာမှုကို ထိန်းသိမ်းနိုင်ဖို့
ဓာတ်အားဆက်သွယ်တဲ့နေရာမှာ အများဆုံးလက်ခံနိုင်မယ့် Harmonic Level ကို
ဓာတ်အားပေးသူများက စံသတ်မှတ်လာကြပါတယ်။ သတ်မှတ်ရာမှာ THVD % နဲ့ဖြစ်ပါတယ်။ IEEE
STD 519(1992) ဟာ Harmonic Limit Standard အဖြစ် ကျယ်ကျယ်ပြန့်ပြန့်
အသုံးပြုလျှက်ရှိပါတယ်။
Distribution Network အတွင်းမှာ
Harmonic current တွေ ရှိနေမယ်ဆိုရင် Pead Demand ဟာ ရှိသင့်တာထက် ပိုရှိနေမှာ
ဖြစ်ပါတယ်။ ဒီအခါမှာ ဓာတ်အား လောက်သင့်ရဲ့နဲ့ ဓာတ်အားမလောက်တာ၊
ဓာတ်အားတွေဖြတ်တောက်နေရတာ၊ ဓာတ်အားလုံလောက်ချင်ရင် ဓာတ်အားပေးစက်ရုံတွေ ပိုပို
တည်ဆောက်ရတာ၊ လောင်စာတွေပိုသုံးပြီး ဓာတ်အားတွေ ထုတ်ပေးနေရတာတွေ ဖြစ်လာပါတယ်။
Distribution Network အတွင်းက
ဖြစ်လာတဲ့ ဆိုးကျိုးတွေ အားလုံးကို Distribution Side မှာ မဖြေရှင်းပဲ
လစ်လျူရှုထားခဲ့ရင် နောက်ဆုံးမှာ ဓာတ်အားစနစ် တခုလုံးကို ထိခိုက်လာပြီး၊
ဆိုးကျိုးတွေပေးလာတာ ဖြစ်ပါတယ်။
Linear Load တွေ အသုံးပြုနေတဲ့
ဓာတ်အားပေးစနစ်မှာ Power Factor တွက်ပုံက အောက်ပါအတိုင်း ဖြစ်ပါတယ်-
Harmonic components တွေ ပါရှိနေမယ့်
ဓာတ်အားပေးစနစ်မှာ Power Factor ပြောင်းလဲ ဖြစ်ပေါ်လာတဲ့ပုံစံကို အောက်ပါပုံမှာ
မြင်တွေ့နိုင်ပါတယ်-
Total (or true) power factor ကို
အောက်ပါ အတိုင်း တွက်ချက်ပါတယ်-
အထက်ပါ တွက်ချက်မှုပုံစံအရ Harmonic
Current ပါရှိမှု THDI ကို လျော့ချနိုင်ရင် Total Power Factor ပိုကောင်းလာမှာ
ဖြစ်ပါတယ်။ Harmonic Filtering equipment တွေကို တပ်သုံးခြင်းအားဖြင့် လျှပ်စစ်ပစ္စည်းများ
ချို့ယွင်းမှုမှ ကာကွယ်နိုင်သလို Power Factor ကောင်းလာစေပါတယ်။
Harmonic distortion လျော့နည်းစေဖို့
သမရိုးကျအသုံးပြုခဲ့တဲ့ နည်းလမ်းများက-
-
Over-sizing or de-rating of the installation
-
Specially connected transformers
-
Series reactors
-
Tuned passive filter
စတဲ့ နည်းလမ်းများ ဖြစ်ပါတယ်။
သို့ပေမယ့် ထိုနည်းလမ်းများမှာလည်း အားနည်းချက်တွေ ရှိတာကြောင့် ယနေ့အချိန်မှာ
အသုံးများတဲ့ နည်းလမ်းများက -
-
Passive Harmonic Filtering
-
Active Harmonic Filtering
-
Hybrid Harmonic Filtering
တို့ဖြစ်ပါတယ်။
No comments:
Post a Comment