My Blog List

Tuesday, January 19, 2016

Wave Trap

ဓာတ်အားပေးစက်ရုံတွေ၊ ဓာတ်အားခွဲရုံတွေက ဓာတ်အားပို့လွှတ်ဖို့/ဓာတ်အားလက်ခံဖို့ High Voltage Transmission Line တွေနဲ့ ချိတ်ဆက်ပြီး 50 Hz / 60 Hz တစ်ခုခုနဲ့ ပုံမှန်အလုပ်လုပ်နေတာ ဖြစ်ပါတယ်။ ဓာတ်အားလိုင်းတွေကို သုံးပြီး ဆက်သွယ်ရေးနဲ့ System Control signal တွေ ပို့လွှတ်ဖို့ အသုံးပြုလာကြပါတယ်။ ဒီ signal တွေက ဗို့အားများစွာနိမ့်ပြီး Frequency မြင့်မားပါတယ်။
ဓာတ်အားလိုင်းတခုထဲမှာပဲ Power နဲ့ Communication signal ရောပို့လွှတ်ထားတာ ဖြစ်လို့ Station တခုရဲ့ အဝင်ရောက်ရင် သီးခြားခွဲထုတ်ဖို့ လိုလာပါတယ်။ ဒီအခါမှာ Wave Trap က Communication signal တွေကို Power လမ်းကြောင်းထဲ ဆက်မပါ စေဖို့ Filter လုပ်ပေးတဲ့ Device ဖြစ်ပါတယ်။ Line Trap လို့လဲ ခေါ်တတ်ပါတယ်။

ငယ်စဉ်က Electrical ဘာသာရပ်တွေ စပြီးသင်ကာစမှာ ကြားသိခဲ့ရနိုင်တဲ့ Resonant Circuit ကို လက်တွေ့ အသုံးချထားတာ ဖြစ်ပါတယ်။ Resonant Circuit ဆိုတာ Inductance (L) နဲ့ Capacitance (C) တို့ကို Parallel ဆက်ထားတဲ့ Circuit မှာ ရွေးချယ်ထားတဲ့ L နဲ့ C တို့ရဲ့ တန်ဘိုးကြောင့် High Frequency တခုမှာ Resultant Impedance Z ဟာ Infinity ဖြစ်စေပြီး၊ Low Frequency မှာ Z ဟာ very low impedance ဖြစ်နေနိုင်ပါတယ်။


Total Impedance,  Z = ( Xl . Xc ) / ( Xl – Xc )
Xl = 2 . PI . F . L
Xc = 1 / ( 2 . PI . F . C )

   Frequency တန်ဖိုးတခုမှာ Z ရဲ့တန်ဖိုး Infinity ရရင် ထို Frequency အတွက် Circuit က Open ဖြစ်နေပြီး Signal Block ဖြစ်သွားမှာပါ။
အပေါ်ဆုံး equation အရ Z = Infinity ဖြစ်ဖို့ Xl – Xc = 0 ဖြစ်ရင် ရပါပြီ။
ဥပမာအနေနဲ့ Coil Inductance L = 0.5 mH, Carrier Frequency = 240 kHz ဆိုပါစို့၊ လိုအပ်တဲ့ Capacitance Value တွက်နိုင်ပါတယ်။
Xl – Xc = 0
Xl = Xc

2 . PI . F . L = 1 / ( 2 . PI . F . C )
C = 1 / ((2. PI . F)(2 . PI . F) L)
C = 0.0088 µF

      အဲဒီအခြေအနေဟာ Carrier Frequency (High Frequency 30-500 kHz) signal တွေကို Block လုပ်ချင်ပြီး၊ Low Frequency (Power Frequency 50 Hz / 60 Hz) တွေကို by-pass လုပ်ပေးချင်တဲ့ လုပ်ငန်းလိုအပ်ချက်အတွက် အသုံးတဲ့တဲ့ Filter Circuit ရရှိ အသုံးပြုထားတာ ဖြစ်ပါတယ်။
အများသုံးဆက်သွယ်ရေးစနစ်က ဓာတ်အားပေးစက်ရုံ၊ ဓာတ်အားခွဲရုံတွေ တည်ရှိရာ နေရာတိုင်းရောက်ရှိ အသုံးပြုခွင့် ရချင်မှရနိုင်ပါတယ်။ ဒါ့အပြင် သူများရဲ့ ဆက်သွယ်ရေး စနစ်ကို အလွန်အရေးကြီးတဲ့ ဓာတ်အားစနစ် တခုလုံးထိန်းကျောင်းမှုမှာ လုံးဝမှီခိုထားလို့ မရတဲ့ အခြေအနေအတွက် ကိုယ်ပိုင်ဆက်သွယ်ရေးစနစ် Power Line Carrier Communication တည်ဆောက်ရတာဖြစ်ပြီး၊ Wave Trap ဟာ အရေးပါတဲ့ပစ္စည်းတခုပါ။


ဓာတ်အားခွဲရုံရဲ့ ဝင်ဝင်ချင်းမှာ Wave Trap ကို တပ်ဆင်ရတဲ့ အကြောင်းရင်းက Communication signal တွေဟာ High Frequency သုံးထားတယ်။ အဲဒီ H.F signal တွေက Breaker နဲ့ Transformer တွေဆီ ဖြတ်စီးရင် Harmonic Effect တွေ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် စက်ရုံ၊ ခွဲရုံတွေဆီ ဓာတ်အားလိုင်း ဝင်ဝင်ချင်း မှာကို Wave Trap ခံပြီး H.F signal တွေကို Filter စလုပ်ရတာ ဖြစ်ပါတယ်။

Wave Trap တခုရဲ့ အဓိကကျတဲ့ Components တွေက Main Coil, Tuning Device နဲ့ Protective Device (Surge Arrester) တွေ ဖြစ်ပါတယ်။

Wave Trap ကို Transmission Line နဲ့ Series တပ်ဆင်ချိတ်ဆက်ထားတာဖြစ်လို့ ဓာတ်အားလိုင်းမှာ Short Circuit Current ကြောင့် ဖြစ်ပေါ်တဲ့ Mechanical Force တွေကို ခံနိုင်ရည် ရှိအောင် ရွေးချယ်ဖို့ လိုပါတယ်။
         Wave Trap ကို တပ်ဆင်ရာမှာ Vertical ပုံစံ၊ Horizontal ပုံစံ ၂ မျိုးတပ်ဆင် နိုင်သလို၊ တိုင်ခြေထောက် တချောင်းတည်းပုံစံ၊ ခြေထောက်များတဲ့ပုံစံ၊ Bus Gantry မှာ တွဲလောင်းချိတ် (Suspension) ပုံစံများနဲ့ တည်ဆောက်နိုင်ပါတယ်။


Wave Trap ကို ဓာတ်အားလိုင်းနဲ့ ချိတ်ဆက်ရာမှာ အောက်ပါ နည်းလမ်း ၃ မျိုး ရှိပါတယ် -
1. Three Phase Coupling
2. Two Phase Coupling (Phase to Phase Coupling)
3. Single Phase Coupling (Phase to Ground Coupling)



Sharing from Dr. Tun Naing' Post


No comments:

Post a Comment