ဓာတ်အားခွဲရုံများတွင်
မိမိတို့ခွဲရုံအတွင်းရှိ
Equipments များအတွက်သုံးသော ဓာတ်အားပြတ်တောက်မှု
ဖြစ်ပေါ်လာပါက
သေရေးရှင်ရေး
အရေးကြီးသော
အလုပ်များ
အဓိက
Control & Relay Panel များ ဓာတ်အားမရှိသော်
လည်း
ဆက်လက်လုပ်ဆောင်နိုင်ရန်
၎င်းတို့ကို
DC ဓာတ်အားသုံးစေပြီး
DC Charger ဖြင့် မီးပေး၍ Battery များနှင့်
အရံသင့်
ဓာတ်အားပေးနိုင်ရန်
စီစဥ်ဆောင်ရွက်ထားသည်။
ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်လာပါက
Battery ဓာတ်အားဖြင့်
ဆက်လက်လုပ်ဆောင်နိုင်မည်
ဖြစ်သည်။
ယင်းဓာတ်အားခွဲရုံသုံး
Battery များသည်
Industrial Battery များဖြစ်ကြပြီး Cell ဟုခေါ်သော
Battery လေးများအဖြစ်
ထုတ်လုပ်ကြသည်။
ထိုသို့
ထုတ်လုပ်ရာတွင်လည်း
သတ်မှတ်ထားသည့်
International Standard များအား လိုက်နာကြရသည်။
Nickel-Cadmium Battery ကို
IEC Standard 60623 အရ ထုတ်လုပ်ကြရပြီး
Cell တခု၏
Nominal Voltage များသည် သက်ဆိုင်ရာ
Electrolyte အရည် အတွင်းရှိ Battery Positive
Terminal နှင့်
NegativeTerminal ကြား Potential Difference ဖြစ်သည်။
1.2 V သည်
Potassium Hydroxide Electrolyte အရည် အတွင်းရှိ
Nickel Hydroxide (Positive Terminal) နှင့် Cadmium Hydroxide
(Negative Terminal) အကြားရှိ Potential Difference ဖြစ်သည်။
ထို့အတူ
Lead-Acid Battery ၏ 2 Volts သည်လည်း
Acid Electrolyte အရည် အတွင်းရှိ Lead Positive
Terminal & Negative Terminal အကြားရှိ Potential
Difference ဖြစ်သည်။ မိမိလိုအပ်သလို
ပြောင်းလဲ
အသုံးပြု၍မရသော
Fixed Value ဖြစ်သည်။ ထို့ကြောင့် Lead-Acid
Battery များအား
6 V, 12 V, 24 V, 48 V စသည်ဖြင့် Battery တစ်ကန့်ကို
2 Volts နှုန်းနှင့်
ထုတ်လုပ်ကြခြင်းဖြစ်သည်။
သို့ဖြစ်၍
မိမိလိုအပ်သော ဗို့အားကိုရရှိအောင်ထို
Battery Cell လေးများကို Series ဆက်၍ အသုံးပြုကြရသည်။
ဤသို့
Battery Cell Voltage များကိုနားလည်ခြင်းသည် အရေးကြီးသော
အချက်တချက်ဖြစ်သည်။
သို့မဟုတ်ပါက
Standard မဟုတ်သော Voltage များကို
မှားယွင်းတောင်းဆိုမိတတ်ကြသည်။
ဥပမာ
- Nickel-Cadmium Battery အတွက် 1.28 Volt/Cell ဟုပြောခြင်း၊
Lead-Acid Battery ၏ 2 Volt/Cell ကို
Nickel-Cadmium Battery အတွက် တောင်းဆိုခြင်း
စသည်ဖြင့်
မှားယွင်းတတ်ကြပါသည်။
Nickel-Cadmium
Battery နှင့်
Lead-Acid Battery တို့၏ ခြားနားချက်များမှာ
အောက်ပါအတိုင်း
ဖြစ်သည်။
Nickel-Cadmium Battery သည် Nickel Hydroxide အား
Positive Terminal နှင့် Cadmium Hydroxide အား
Negative Terminal အဖြစ်ထုတ်လုပ်ထားပြီး Electrolyte အရည်မှာ
Potassium Hydroxide & Lithium Hydroxide အရောဖြစ်သည်။ Terminal နှစ်ခုအကြား
Ion Transfer Method ဖြင့် ဓာတ်အားသိုလှောင်ခြင်း
နှင့်
ပြန်လည်ထုတ်ပေးခြင်းလုပ်ငန်းများ
လုပ်ဆောင်ခြင်းဖြစ်သည်။
Nickel-Cadmium
Battery ၏
အဓိကအကျဆုံး
အားသာချက်မှာ
သက်တမ်းရှည်ကြာစွာ
အသုံးပြုနိုင်ခြင်းဖြစ်သည်။
အချို့
Manufacture များ၏ Nickel-Cadmium Battery များသည်
၂၅
နှစ်ကျော်သည်
အထိ
အသုံးပြုနိုင်ပါသည်။
ပတ်၀န်းကျင်
အပူချိန်အနိမ့်/အမြင့်များသော
နေရာဒေသများတွင်ပင်
သက်တမ်း
ရှည်ကြာစွာ
အသုံးပြုနိုင်ပါသည်။
ထို့ကြောင့်
မြန်မာနိုင်ငံကဲ့သို့
အပူပိုင်းဒေသများအတွက်
ရွေးချယ်သင့်သော
အမျိုးအစားဖြစ်သည်။
Lead-Acid
Battery သည်
Acid Electrolyte အရည်နှင့် Lead Positive Terminal &
Negative Terminal များအကြား Chemical Reaction Method ဖြင့်
ဓာတ်အားသိုလှောင်ခြင်းနှင့်
ပြန်လည်ထုတ်ပေးခြင်း
လုပ်ငန်းများ
လုပ်ဆောင်ခြင်းဖြစ်သည်။
ထိုသို့
Chemical Reaction Method ဖြင့် လုပ်ဆောင်သောကြောင့်
Battery Terminal များ Corrosion ဖြစ်ပြီး
သက်တမ်းတိုရခြင်းနှင့်
Sudden Dead (ရုတ်တရက် အသုံးပြု၍မရတော့ခြင်း)
ဖြစ်
ရခြင်းဖြစ်သည်။
ထို့ကြောင့်
Ion Transfer Method ဖြင့် ဓာတ်အားသိုလှောင်ခြင်း
နှင့်
ပြန်လည်ထုတ်ပေးခြင်း
လုပ်ငန်းများ
လုပ်ဆောစင်သော
Nickel-Cadmium Battery များသည် Chemical Reaction Method ဖြင့်
ဓာတ်အား
သိုလှောင်ခြင်းနှင့်
ပြန်လည်ထုတ်ပေးခြင်း
လုပ်ငန်းများ
လုပ်ဆောင်သော
Lead-Acid Battery များထက် သက်တမ်း
ပိုရှည်ရခြင်းဖြစ်သည်။
Battery တို့မည်သည် Nickel-Cadmium
Battery ဖြစ်စေ၊
Lead-Acid Battery ဖြစ်စေ ပတ်၀န်းကျင်အပူချိန်
မြင့်လေလေ
ဒဏ်မခံနိုင်ပဲ
သက်တမ်းပိုတိုလေဖြစ်သည်။
အပူချိန်မြင့်တက်နှုန်း
တူညီသည်ရှိသော်
Lead-Acid Battery သည် ပိုမို၍ စောလျှင်စွာသက်တမ်းကုန်ဆုံးရသည်ဖြစ်သည်။
အထက်ပါပုံမှာ
Nickel-Cadmium Battery နှင့် Lead-Acid Battery တို့၏
သက်တမ်းအပေါ်
ပတ်၀န်းကျင်အပူချိန်၏
အကျိုးသက်ရောက်မှု
နှိုင်းယှဥ်ချက်ဖြစ်သည်။
ယေဘူယျအားဖြင့်
သာမန်အပူချိန်
Ambient Temperature +25 deg C မှ 10 deg C တက်ပါက
Lead-Acid Battery သည် သက်တမ်းတ၀က်ခန့်
တိုသွား
မည်ဖြစ်ပြီး
Nickel-Cadmium Battery မှာမူ သက်တမ်း ၂၀%
ခန့်သာ
တိုသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံကဲ့သို့
အပူပိုင်းဒေသတွင်
ပတ်၀န်းကျင်အပူချိန်၏
အကျိုးသက်ရောက်မှုကြောင့်
Battery Bank တစုံတရာပျက်စီးပါက Bank အသစ်တစ်စုံအစားထိုးတပ်ဆင်ရန်
လုပ်ငန်းအဆင့်ဆင့်ဆောင်ရွက်ရသဖြင့်
သက်တမ်းရှည်ကြာစွာအသုံးပြု၍
ရသော Nickel-Cadmium Battery များကို
Standard အဖြစ်ထားရှိအသုံးပြုကြ သည်။
Type Of Battery
Nickel-Cadimium
Battery Bank တခုကို ရွေးချယ်ရာတွင် မိမိအသုံးပြုမည့်
Application အပေါ် မူတည်၍ သင့်တော်သော
Cell Type ကို ရွေးချယ်ရမည်။ Nickel-Cadimium
Battery Single Cell များကို
H Type, M Type, L Type ဟူ၍ ခွဲခြားထုတ်လုပ်ထားကြသည်။
H
Type သည်
High Rate Type ဖြစ်ပြီး အချိန်တိုအတွင်း
မြင့်မားသော
လျှပ်စီးအား
(High Current) ကို ထုတ်လုပ်ပေးနိုင်သည်။
ဤအမျိုးအစားသည်
အင်ဂျင်နှိုးခြင်းကဲ့သို့သော
လုပ်ငန်းများတွင်
အသုံးပြုကြသည်။
အင်ဂျင်နှိုးရာတွင်
Start Motor အား လှည့်နိုင်ရန် စက္ကန့်ပိုင်းလေးသာ
Battery ကို
အသုံးပြုရခြင်းဖြစ်သော်လည်း
အချိန်တိုအတွင်း
မြင့်မားသော
လျှပ်စီးအား
(High Current) ကိုအသုံးပြုရသည်။ ဤကဲ့သို့
အချိန်တိုအတွင်း
မြင့်မားသောလျှပ်စီးအား
(High Current) ကိုအသုံးပြုရန် H Type Battery များကို
အသုံးပြု
ကြရသည်။
L
Type Battery များကို လျှပ်စီးအား (current) နည်းနည်းနှင့်
အချိန်ကာလ
ကြာကြာသုံးရသော
အလုပ်များ
ဥပမာ
- Emergency Lighting နှင့်
Communication ကဲ့သို့သော လုပ်ငန်းများတွင်သုံးကြသည်။ M Type သည် H နှင့်
L တို့အကြား
လုပ်ငန်းများတွင်သုံးကြသည်။
ဓာတ်အားခွဲရုံများ၏
လုပ်ငန်းသဘာဝသည်
အင်ဂျင်နှိုးြခင်းသကဲ့သို့လည်း
အချိန်တိုအတွင်း
Current များများမသုံး
Emergency Lighting ကဲ့သို့လည်း အချိန်ကြာကြာမသုံးရသောကြောင့်
M Type ကိုသုံးကြခြင်းြဖစ်သည်။
ဤသို့
Battery Type များကိုနားလည်ြခင်းသည် အရေးကြီးသော
အချက်ဖြစ်သည်။
သို့မဟုတ်ပါက
M Type ကိုအမြင်များပြီး
H Type ကိုတွေ့သောအခါ
Heavy Duty Type ဟုမှားယွင်းစွာ ထင်မှတ်ခေါ်ဝေါ်တတ်ကြပါသည်။
Alcad
၏
M Type Battery Cell နှစ်ခု။ Model နံပါတ်ကို
MC215P ဟုတွေ့ရသည်။
M Type ဖြစ်သောကြောင့်
Model နံပါတ်သည်
M နှင့်
စသည်။ Capacity 215 Ah ရှိသော
M Type Battery ဖြစ်သည်။
အောက်တွင်
IEC Standard ၏
IEC 60623 အရ သတ်မှတ်ထားသော Model နံပါတ်
KM215P ကိုဖော်ပြထားသည်ကိုလည်းတွေ့ရသည်။
ဤတွင်လည်း
M Type ဖြစ်သောကြောင့်
Model နံပါတ်တွင်
M စာလုံးပါြခင်းဖြစ်သည်။
L Type ဖြစ်ပါက
L စာလုံးပါမည်ဖြစ်ြပီး
H ဖြစ်ပါက
H Type ဖြစ်သည်။
အခြားသော
Manufacture များသည်လည်း ၄င်းတို့၏ Model နံပါတ်များကိုကြည့်ခြင်းြဖင့်
Type ကိုခွဲခြားသိနိုင်အောင်
ပြုလုပ်ထားကြသည်။
M Model များသာ
အမြင်များပြီး
H ပါသည်ကိုတွေ့သောအခါ
မှားယွင်း၍
Heavy Duty Type ဟုထင်တက်ကြသည်။
Ampere-Hour နှင့် Cell အရေအတွက်ရွေးချယ်ခြင်း
မိမိသုံးမည့်
Application ကိုသိရှိ၍ သင့်တော်သော Type ကိုရွေးချယ်ပြီးပါက
၄င်း၏
Capicity (Ampere-Hour) နှင့်လိုအပ်သော Cell အရေအတွက်ကိုရွေးချယ်ရန်လိုသည်။
ဤသို့ရွေးချယ်ခြင်းကို
Battery Sizing Calculation ဟုခေါ်၍ နိုင်ငံတကာစံချိန်စံညွှန်းများ၏နည်းအရ
တွက်ချက်ရွေးချယ်ကြရသည်။အမေရိကန်နိုင်ငံမှ
International Standard တစ်ခုဖြစ်သော IEE ( Institute of
Electrical and Electronics Engineers ) ၏ IEEE 1115 Sizing
Nickel Cadmium Batteries For Stationary Batteries နည်းသည်အသုံးများသောတွက်နည်းြဖစ်သည်။
မိမိသုံးမည့်အလုပ်၏
Load: လျှပ်စီးအား
(Current ) ဆွဲအား(သို့) ပါဝါ (Watt)သုံးအား၊
ထို့နောက်
အချိန်ကာလ
မည်မျှအတွင်း
မည်မျှပမာဏရှိသော
Load ကိုသုံးမည်စသည့်
သဘာဝတို့ကို
အြေခခံပြီးတွက်ရမည်။
Load Profile ဟုခေါ်သည်။ထို Load Profile ကိုကြည့်၍တွက်ချက်ယူရခြင်းဖြစ်သည်။
Nature of
Norminal Voltage Of Battery Cell
Battery
များမှထုတ်ပေးသော
လျှပ်စစ်ဓာတ်အားသည်
သိုလှောင်ထားြပီး
ပြန်လည်ထုတ်ယူသုံးစွဲခြင်း
ြဖစ်သော
ကြောင့်
Generator များမှထုတ်ပေးသော
ဓာတ်အားကဲ့သို့မဟုတ်ပေ။
Generator မှထွက်သော လျှပ်စစ်ဓာတ်အား
သည်
၄င်းအားလည်အောင်
တစ်ခုခုဖြင့်လှည့်ပေး၍ထုတ်လုပ်ြခင်းြဖစ်သည်။
Generator မှထုတ်ပေးသော ဓာတ်အား သည်
Generated Energy ဖြစ်ြပီး Battery မှလျှပ်စစ်ဓာတ်အားသည်
Stored Energy ဖြစ်သည်။သို့အတွက်ကြောင့် Generator မှထွက်သောဗို့အားကိုငြိမ်အောင်
မိမိလိုသလိုထိန်းပေးနိုင်သည်။
သိုလှောင်ထားရာမှ
ထုတ်ယူသုံးစွဲရသော
Battery များမှာ
အားအပြည့်သွင်းထားချိန်တွင်ဗို့အားြမင့်နေ၍
သုံးချိန်ကြာလာလျှင်
ဗို့အားကျသွားသည်။
အနီးစပ်ဆုံးအနေနှင့်အိမ်သုံး
Inverter တွင်ပါသည့် 12V Battery တစ်လုံးသည်အားအပြည့်သုံးထားချိန်တွင်
14.50 Voltsခန့်အထိတက်နေ၍နောက်ဆုံး 9.50 Volt ရောက်သည်အထိအသုံးပြုနိုင်မည်ြဖစ်စစသည်။12
Volt Battery ဟုဆိုသောကြောင့်အမြဲတမ်း 12 Volt ထွက်နေသည်မဟုတ်ပါ။+/-
20% ခန့်သုံး၍ရသည်ဟုဆိုနိုင်ပါသည်။ဂျင်နရေတာမှ
ထွက်သောလျှပ်စစ်ဓာတ်အားနှင့်မတူပဲပြည့်နေလျှင်ြမင့်၍
သုံးယင်းနှင့်
Voltage ကျလာသည်မှာသိုလှောင်ထားရာမှ
ထုတ်ယူသုံးစွဲရသော
Battery များ၏
သဘာဝဖြစ်သည်။
နာမည်ကောင်းရှိသည့်
Manufacture များ၏ 1.2 Volt ရှိသော Battery တစ်ခုသည်
နောက်ဆုံးဗို့အား
Final Voltage အနေနှင့် 1.0 Volt ရောက်သည်ထိ
သုံးနိုင်သော
အင်အားကို
ေပြာခြင်းြဖစ်သည်။
Battery
၏
DC Power ကိုသုံးမည့် ပစ္စည်းအားထုတ်လုပ်သည့်
Manufacture များသည် ဤသဘောကို ကောင်းစွာနားလည်ကြသည်။
၄င်းတို့ပစ္စည်းများအား
ဤသဘောရှိသည့်
Supply Power ြဖင့်အလုပ်လုပ်နိုင်ရန် ဒီဇိုင်းပြုလုပ်ထုတ်လုပ်ထားကြပါသည်။မိမိအသုံးပြုမည့်
System ၏လိုအပ်သော
Nominal Voltage ထက် +/-% အတော်အသင့်အထိ
လက်ခံအသုံးပြုနိုင်အောင်
စီမံထားကြရသည်။
ဤသို့ဖြင့်
Maximum Voltage မည်မျှ၊ Minimum Voltage မည်မျှ
လက်ခံသုံးနိုင်သည်ဟုဖြစ်လာပါသည်။
ထိုသို့
Maximum နှင့်
Minimum Voltage တို့၏ခြားနားချက်ကို Voltage Window ဟုခေါ်သည်။
ထို့ကြောင့်
ဒီဇိုင်းပြုလုပ်သည့်အင်ဂျင်နီယာသည်
Battery Sizing Calculation ကိုတွက်ရာ၌ ဤ
Voltage Window ကိုသတ်မှတ်ပေးရသည်။ ဤနေရာတွင်
သတိပြုရမည့်
အချက်မှာ
Voltage Window ဆိုသည်မှာ ပြည့်နေလျှင်သုံးယင်းနှင့်
Voltage ကျလာသည့်
Battery၏
သဘာဝမှလာကြောင်းဖြစ်သည်။
Cell အရေအတွက်ရွေးချယ်ြခင်း
ဤ
Voltage Window ကိုနားလည်သော အချက်သည်
အရေးကြီးသော
အချက်ဖြစ်သည်။
သို့မဟုတ်ပါက
Battery Cell အရေအတွက်ကို ရွေးချယ်သောအခါ
ကိုယ်သုံးမည့်
DC System ၏ Nominal Voltage အား Cell Voltage ဖြစ်သော1.2
ဖြင့်စား၍
ထွက်လာသော
ကိန်းကို
ယူ၍
Cell အရေအတွက်ဟု
ြေပာတက်ကြပါသည်။
ဥပမာ
Nominal Voltage 110 VDC System အတွက် Cell အရေအတွက်ကိုတွက်သောအခါ
110 အား
1.2 ဖြင့်စား၍ရသော
91.67 ၏
အနီးဆုံးြဖစ်သော
92 ကို
Cell အရေအတွက်ဟု
ဆိုတတ်ကြပါသည်။
ဤသို့ဆိုခြင်းသည်
Voltage Window ကိုမသိသောကြောင့် ြဖစ်သည်။
Battery Cell တစ်ခုသည် Fully Charged အားပြည့်သွင်းထားပါက
မိမိသွင်းသည့်
Charging Voltage အပေါ်မူတည်၍ 1.45~1.50~1.55Volt ခန့်အထိရှိနေ
တတ်ပါသည်။
ဤသို့
92 Cell ကိုသုံးပါက
Fully charged ြဖစ်နေချိန်တွင် 92 x1.50 =138 Volt ြဖစ်သည်။
Nominal Voltage 110 VDC ထက်
25% များနေမည်ြဖစ်သည်။
တစ်ချို့က
Battery Cell များများသုံးလေ ကောင်းလေဟုလည်း
နားလည်မှုလွဲပြီး
110 VDC System အတွက် 98 Cell အထိ သုံးရန်ယူဆမှားတတ်ကြပါသည်။
98Cellျ
ဆိုပါက
Fully Charged ြဖစ်သည့်အချိန်တွင် Voltage မည်မျှအထိ
ရှိမည်ြဖစ်ကြောင်းတွက်၍
ရနိုင်မည်ြဖစ်သည်။
98x1.50 = 147 Volt ြဖစ်ပြီး 110 VDC ထက်
33.64% များနေမည်ြဖစ်သည်။
Nominal Voltage ထက်ဤမျှအထိ ပိုနေခြင်းကို
ခွဲရုံအတွင်း
မိမိအသုံးပြုမည့်
DC Circuit များက ရေရှည်လက်ခံနိုင်မနိုင် လက်ခံ၍
ကောင်းမကောင်း
စဥ်းစားရမည်ြဖစ်
သည်။
နိုင်ငံခြားတိုင်းြပည်များမှ
လျှပ်စစ်ဓာတ်အား
သယ်ဆောင်ြဖန့်ဖြူးရေး
လုပ်ငန်းများ
လုပ်ကိုင်နေကြသည့်
အဖွဲ့အစည်းတစ်ချို့သည်
၄င်းတို့၏
DC Circuit များအနိမ့်ဆုံးမည်မျှ၊ အမြင့်ဆုံးမည်မျှ
လက်ခံမည်ဟု
အတိအလင်းြေပာထားတတ်ကြသည်။
ဥပမာ
ထိုင်းနိုင်ငံ
ဘန်ကောက်မြို့တော်ဓာတ်အားပေးရေးအဖွဲ့
MEA သည်၄င်းတို့ခွဲရုံများအတွက်
အောက်ပါအတိုင်း
သတ်မှတ်ထားသည်။
HV
circuit breaker tripping circuit +10% / -15%
HV
Isolator or Earthing Switch Closing & Opening Circuit +10% / -15%
Other
DC circuits +10%
/ -15%
အချုပ်ဆိုသော်
DC circuits အားလုံးအတွက် +10% / -15% ဖြစ်သည်။
ဤတန်ဖိုးသည်
Voltage Window ဖြစ်သည်။ ထို့ကြောင့်
110 VDC System အတွက် 92 Cells, 98 Cells စသည်ဖြင့်
သုံးခြင်းဖြင့်
DC circuits Over Voltage ဖြစ်စေမည်ဖြစ်သည်။ (MEA သည်
၎င်းတို့၏
125 VDC system အတွက် 93 Cells သာ သုံးပါသည်။)
Cell
အရေအတွက်များလာသောကြောင့်
ငွေပိုကုန်သွားသော်လည်း
ပို၍အကျိုးမရှိသည့်အပြင်
System ၏
Maximum Voltage ကိုလိုအပ်သည်ထက် ပိုများစေသည်ကိုတွေ့ရသည်။
ထိုသို့Voltage
လိုအပ်သည်ထက်
ပိုများခြင်း
Current များခြင်းတို့သည်
Equipment များအား ရေရှည်တွင်ထိခိုက်စေနိုင်သောကြောင့်
သထိထားရမည့်အချက်
တချက်ဖြစ်သည်။
Voltage
Window ကို
Maximum +15%, Minimum -10% ဟုလည်းကောင်း၊ တခါတရံ
Maximum +10%, Minimum -15% ဟုလည်းကောင်း တွက်ချက်ကြသည်။
Battery
Cell များများသုံးလျှင်
Voltage မကျပဲ
ကြာကြာအသုံးခံသည်ဟုလည်း
မှားယွင်းစွာယူဆတတ်ကြသည်။
Battery တခု
ကြာရှည်
အသုံးခံသည်/
မခံသည်
ဆိုသည်မှာ
၎င်း၏
Capacity (Ampere-Hour) အပေါ်တွင် အဓိက မူတည်ပါသည်။
Cell အရေအတွက်နှင့်
မဆိုင်ပါ။
Ampere-Hour ရွေးချယ်ခြင်း
Ampere-Hour
ဆိုသည်မှာ
Current (Ampere) နှင့် Time (Hour) တို့၏
ဆက်စပ်သည့်
ယူနစ်ဖြစ်သည်။
ဥပမာ
Capacity 110 Ah ရှိသော Battery တခုသည်
11 A Load အတွက် 10 Hour အကြာ ဓာတ်အားပေးထား
နိုင်သည်။
22 A Load အတွက် 5 Hour အကြာ ဓာတ်အားပေးထားနိုင်သည်။
Ampere-Hour Rating စမ်းသပ်သော
Capacity Test အတွက် IEC 60623 အရ သတ်မှတ်ထားသော
စံအခြေအနေမှာ
ပတ်၀န်းကျင်အပူချိန်
+20 deg C တွင် 5 Hour ကြာအောင်
Final Voltage 1.0 V ရောက်သည်အထိ Discharge ပြုလုပ်နိုင်သည့်
အခြေအနေမှာ
ရရှိသော
Ampere-Hour ဖြစ်သည်။ 110 Ah ရှိသော
Battery တခုကို
ဤစံအခြေအနေအတိုင်း
Discharge ပြုလုပ်ပါက ၎င်းထုတ်လုပ်ပေးနိုင်သော
Current ပမာဏမှာ 22 A ဖြစ်သည်။ တနည်းအားဖြင့်
110 Ah ရှိသော
Battery တခုသည်
22 A Load အတွက် 5 Hour အကြာ Discharge ပြုလုပ်ပါက
Final Voltage 1.0 V အထိ ရောက်သွားရမည်ဖြစ်သည်။
IEC 60623 ၏
သတ်မှတ်ချက်သည်
5 Hour အကြာ
Discharge ပြုလုပ်နိုင်သည့် Ampere-Hour ဖြစ်သော
ကြောင့်
5 Hour Capacity အတိုကောက် C5 ဟုခေါ်ေ၀ါ်ကြသည်။
C5 အတိုင်း ထုတ်လုပ်ပေးနိုင်သော
Current ကို
C5 Current အတိုအားဖြင့် C5A ဟုခေါ်သည်။
ထို့ကြောင့်
110 Ah Battery ၏
C5A သည် 110 A ဖြစ်သည်။
ဤသို့ Test မပြုလုပ်မီ Battery သည်
7.5 Hour ကြာအောင် 20%
C5A ဖြင့် အားပြည့်အောင်
Fully Charged လုပ်ထားရမည်။
Battery Commissioning
Battery
Commissioning Procedure သည် Charge-Discharge-Charge Cycle ဖြစ်သည်။
Battery Bank အသစ်တခုကို ပထမဦးဆုံး Fully
Charged ဖြစ်အောင်
၎င်း
Capacity ၏ 200% နှုန်းအားဖြင့်
အားသွင်းရမည်။
C5A ၏ 20% (22 A) ဖြင့်
10 Hour ကြာအောင်
အားသွင်းရမည်ဖြစ်သည်။
ပြီးမှ C5A ၏
20% (22 A) ဖြင့် Battery Final Voltage 1.0 V ရောက်အောင် 5 Hour ကြာအောင်
Discharge ပြုလုပ်ရမည်ဖြစ်သည်။ အကယ်၍ 5 Hour မပြည့်မီ
Battery Final Voltage 1.0 V ရောက်သွားပါက
(သို့မဟုတ်)
5 Hour အကြာတွင်
Battery Final Voltage 1.0 V အောက်ရောက်သွားပါက
Capacity မပြည့်ဟုဆိုရ မည်ဖြစ်သည်။
Charge-Discharge ပြီးနောက်
Battery အား
Final Charge အနေဖြင့် C5A ၏
20% (22 A) ဖြင့် 5 Hour ကြာအောင် Recharged ပြုလုပ်ခြင်း
တနည်းအားဖြင့်
Battery အား
စတင်အသုံးပြုနိုင်ရန်
ပြင်ဆင်ခြင်း
Battery Commissioning Procedure ဖြစ်သည်။
ဤသို့ စနစ်တကျ
Commissioning ပြုလုပ်ထားမှသာ Battery ကို စွမ်းအားပြည့်
စေခိုင်းနိုင်မည်ဖြစ်သည်။
(Fully) Charged-(Fully) Discharged-(Fully) Charged Cycle ပြုလုပ်ခြင်းသည်
Battery Set အသစ်တခုအား ၎င်း လုပ်ဆောင်ရမည့်လုပ်ငန်းကို
စွမ်းအင်ကုန်သည်အထိ
စမ်းသပ်စေခိုင်းလိုက်ခြင်းဖြစ်သည်။
လုပ်ငန်းတာ၀န်
စတင်ထမ်း
ဆောင်ရန်
လေ့ကျင့်ပေးလိုက်ခြင်းဖြစ်သည်။
တပြိုင်တည်း
Capacity မပြည့်သော Battery များကိုလည်း
ဖော်ထုတ်နိုင်
မည်ဖြစ်ပါသည်။
Share from Naypyitaw (Training), MOEP